Forum Posts

YWT
Mar 01, 2017
In နိုင်ငံရေး
ငြိမ်းချမ်းရေး ဒီအတိုင်းပဲ ငြိမ်းချမ်းရေး လိုချင်တယ်ဆိုတာဟာ နှုတ်ကဖွင့်ဟ ပြောကြားမှလည်း ငြိမ်းချမ်းရေးတွေ ရယူဖို့ အတွက် မဖြစ်မနေ ပါဝင်ရမယ့်သူတွေရဲ့ နားကိုရောက်အောင်၊ ဒီတော့မှ သူတို့ ကြားရမှာ၊ ဒီတော့မှ သူတို့သိမှာ။ ဒုတိယကိစ္စ ဆရာပြောသွားတာက ဘာလဲဆိုတော့ မတရားတဲ့ ကိစ္စမှန်သမျှ ဆန့်ကျင်ကြဆိုတဲ့ဟာက ကျွန်မက ဘာကို သွားသတိရလဲ ဆိုတော့ အင်မတန်မှ ခက်ခက်ခဲခဲနဲ့ ဒီမိုကရေစီအတွက် လှုပ်ရှားနေရတဲ့ အချိန်မှာ ကျွန်မတို့အဖွဲ့က အမြဲပဲ တရားဥပဒေစိုးမိုးရေးကို ဦးထိပ်ထားပြီးတော့ တရား ဥပဒေဘောင် အတွင်းကပဲ အားလုံးကို လုပ်နိုင်ပါတယ်။ ဘယ်လိုပဲ ခက်ခဲခက်ခဲ တရား ဥပဒေဘောင်အတွင်းကနေ လုပ်မယ်ဆိုပြီး လုပ်ခဲ့ပါတယ်။ အဲဒီမှာ နယ်ထွက်ပြီး ပြည်သူတွေနဲ့ တွေ့ဆုံပွဲတွေ၊ ဟောပြောပွဲတွေ ကျင်းပတဲ့အခါမှာ ကျွန်မ အမြဲပဲ ပြောတယ်။ တတ်နိုင်သမျှလုပ်ပါ။ လူတိုင်းလူတိုင်းမှာ လုပ်နိုင်တဲ့ အရည်အချင်း ရှိပါတယ် ဆိုတော့ ပရိသတ်ထဲက တော်တော်များများက မကြာခဏ ပြောတယ်။ ကျွန်တော်တို့ ကျွန်မတို့က ဘာလုပ်နိုင်လို့လဲ၊ ဘာမှလည်း စွမ်းရည်မရှိဘူး။ ဘာမှလည်း လုပ်နိုင်တဲ့ သြဇာမရှိဘူး၊ အာဏာမရှိဘူး။ ငွေရေးကြေးရေးလည်း မတောင့်တင်းဘူး။ ကြောက်လည်း ကြောက်ကြတယ်။ ကျွန်မတို့ ပြည်သူတွေ ကြောက်တယ်ဆိုတာလည်း ကျွန်မတို့ သိပါတယ်။ ပြည်သူတွေကိုလည်း လုပ်သာလုပ် လုံခြုံစေရမယ်လို့လည်း ကျွန်မတို့က အာမ မခံနိုင်ဘူး။ လုပ်ခြင်း၊ မလုပ်ခြင်း၊ စွန့်စားခြင်း၊ မစွန့်စားခြင်းဆိုတာ တစ်ဦးချင်း၊ တစ်ဦးချင်းရဲ့ ဆုံးဖြတ်ချက်ပဲ။ ဒါပေမယ့် တကယ် ကူညီချင်တယ် ဆိုရင်တော့ နည်းနည်းလေးတော့ ခြေလှမ်း စပါ၊ စပါ ဆိုတာ ရိုးရိုးလေးပါ။ မတရားတဲ့ ကိစ္စကို တရားပါတယ်လို့တော့ မပြောပါနဲ့။ မတရားဘူးလို့ မပြောရဲရင်တောင်မှ အာဏာရှိတဲ့လူတွေ ကျေနပ်အောင်လို့၊ သြဇာရှိတဲ့လူတွေ ကျေနပ်အောင်လို့၊ အင်အား ရှိတဲ့လူတွေ ကျေနပ်အောင်လို့ မတရားမှန်း သိရဲ့သားနဲ့တော့ တရားပါတယ်လို့တော့ မပြောပါနဲ့။ မတရားမှန်း သိလို့ရှိရင် ပါးစပ်ပိတ်ထား၊ တရားပါတယ်လို့ မပြောပါနဲ့။ ထိုနည်းတူစွာပဲ တရားမှန်း သိရဲ့သားနဲ့ ကြောက်ပြီးတော့ မတရားဘူးလို့ မပြောပါနဲ့။ ကိုယ့်အပေါ်မှာ တစ်နည်းနည်းနဲ့ သြဇာလွှမ်းမိုးနိုင်တဲ့၊ ဒုက္ခပေးနိုင်တဲ့သူတွေ မကျေနပ်ပါဘူး၊ ကြောက်ပြီးတော့ တရားမှန်း သိရဲ့သားနဲ့ ဟုတ်တယ် ဒါ ဘယ်နှစ်ယောက် ဆိုပြီးတော့ အဲ့ဒါမျိုး မပြောပါနဲ့။ တစ်ခြားမှာ မလုပ်ရဲရင်တောင်မှ၊ တစ်ခြားမှာ မလုပ်နိုင်ရင်တောင်မှ၊ တရားပါတယ်လို့ မပြောရဲရင်တောင်မှ မတရားပါဘူး လို့ မပြောနဲ့။ မတရားမှန်း သိရဲ့သားနဲ့လည်း မတရားပါဘူးလို့ မပြောရဲရင်တောင် တရားပါတယ်လို့ မပြောပါနဲ့။အခုဆိုရင် ပွင့်ပွင့်လင်းလင်းပြောနိုင်တဲ့ အခြေအနေ ရောက်ပါပြီ။ တရားတယ် ထင်ရင် ပြောပိုင်ခွင့် ရှိပါတယ်။ ပြောပါ။ ငြိမ်ချမ်းရေးဆိုတာ လိုလားအပ်တယ်၊ ငြိမ်ချမ်းရေး ဆိုတာ လိုကို လိုလားတာ။ ငြိမ်းချမ်းရေး ရဖို့အတွက် အားလုံးမှာ တာဝန်ရှိပါတယ်။ ငြိမ်းချမ်းရေးအတွက် လုပ်ကြပါ။ အဲ့ဒီဟာတွေကို ပြောလို့ရပါတယ်။ ပြောကြပါ။ နှုတ်က ဖွင့်ဟပြောကြားပေး ဆိုတာက အခုချိန်မှာ လုပ်သင့်လုပ်ထိုက်တာကို လုပ်ပါဆိုတာကို ဖွင့်ဟပြီး ပြောပေးစေချင်ပါတယ်။ (၂၀၁၇ ဖေဖေါ်ဝါရီ ၂၈၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ငြိမ်းချမ်းရေးတွဲလက်များ Wheel Chair ရထားအဖွဲ့တို့တွေ့ဆုံ ပွဲက ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းကောက်နှုတ်ချက်)
0
0
5
YWT
Mar 01, 2017
In ကျန်းမာရေး (Health)
လူ့ခန္ဓာဟာ စိတ် (Mind)နဲ့ ရုပ် (Body) ဖွဲ့စည်းထားလို့ ရုပ်ကျန်းမာရေးရော၊ စိတ်ကျန်းမာရေးပါ အရေးကြီးပါတယ်။
0
0
5
YWT
Mar 01, 2017
In ဘာသာရေး
မွေးဖွားခြင်းစကတည်းက သေဆုံးခြင်းက ပါလာပြီးသားပါပဲ။ ဘယ်နေ့ ဘယ်အချိန် ဘယ်နေရာမှာ ဘယ်လို သေမလဲဆိုတာတော့ မသိနိုင်ပါဘူး။ သေပြီးတဲ့နောက် ဘာဖြစ်မလဲဆိုတဲ့ အပေါ်မှာ အယူအဆတွေ ကွဲပြားကြတယ်။
0
0
7
Y

YWT

More actions