Forum Posts

Admin
Mar 02, 2017
အပြစ်ကိုကြည့်ခြင်း content media
0
0
2
Admin
Mar 01, 2017
In ဘာသာရေး
အလိုတူ အလိုပါ content media
0
0
5
Admin
Mar 01, 2017
ဆေးရုံ ဆေးခန်း တယ်လီဖုန်း content media
0
0
8
Admin
Mar 01, 2017
In ကျန်းမာရေး (Health)
ရန်ကုန်တိုင်းအတွင်းရှိ လှိုင်သာယာ၊အင်းစိန်၊တွံတေး၊ကြည့်မြင်တိုင်နှင့်သာကေတမြို့နယ်တို့တွင် ဝက်သက်ရောဂါ ကပ်သွင်ဖြစ်ပွားလျက်ရှိနေသောကြောင့် ဖေဖော်ဝါရီလ ၆ ရက်နေ့မှ ၂၀ ရက်နေ့အထိ ယင်းမြို့နယ်များတွင် ဝက်သက်ရောဂါကာကွယ်ဆေး အစုလိုက်ထိုးနှံခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိနေပြီး ဝက်သက်ရောဂါကြောင့်ဖြစ်ပွားနိုင်သည်များနှင့် ကာကွယ်ဆေးထိုးလုပ်ငန်းများတွင် အားလုံးဝိုင်းဝန်းပါဝင်စေရန်အတွက် ဒေါက်တာခင်နန်းလုံနှင့် The Voice ကမေးမြန်းထားသည်များကို ကောက်နုတ်တင်ပြအပ်ပါသည်။ Voice: ရန်ကုန်တိုင်းရဲ့ မြို့နယ်အချို့မှာ ဝက်သက်ရောဂါကပ်အသွင် ဖြစ်နေတယ်လို့ သိရပါတယ်။ဒါနဲ့ပတ်သက်ပြီး ပြောပြပေးပါဦး။ Dr.KNL : ကပ်ရောဂါဆိုတာကလည်း ရောဂါတစ်ခုနဲ့ တစ်ခု သတ်မှတ်ပုံချင်းမတူဘူး။ တစ်ချို့ကျတော့ အများကြီးဖြစ်မှ ကပ်ရောဂါလို့သုံးတယ်။ ဝက်သက် ကျတော့ ဒီရောဂါကို ၂၀၂၀- ခုနှစ်မှာ ဝက်သက်ရောဂါ ကင်းဝေးရေးအတွက် ရည်မှန်းချက်ထားပြီး ဆောင်ရွက်နေတာဖြစ်တဲ့ အတွက်ကြောင့် တစ်ယောက်ဖြစ်တာနဲ့ ကပ်ရောဂါလို့ပြောတယ်။ Voice: ဝက်သက်က ဘယ်လိုလူတွေမှာ ဖြစ်တာလဲ Dr.KNL : ဝက်သက် ကာကွယ်ဆေးမထိုးထားတဲ့သူတွေမှာဖြစ်သလို ကာကွယ်ဆေးထိုးပြီး ခုခံအား အပြည့်အ၀ မရတဲ့သူတွေမှာလည်း ဖြစ်တယ်။ ဝက်သက်ကာကွယ်ဆေးက တခြားကာကွယ်ဆေးတွေနဲ့မတူဘူး။ လူ ၁၀၀- ထိုးရင် ၈၅-ယောက်ပဲကာကွယ်မှု ရနိုင်တယ်။ ရွှေ့ပြောင်း သွားလာနေထိုင်သူတွေများတဲ့ နေရာမှာ လူ ၁၀၀- မှာ ၅-ယောက်လောက် မထိုးဘဲ လွတ်သွား နိုင် တယ် ဆိုပါစို့ ။ ဥပမာ - လှိုင်သာယာပေါ့၊ အဲ့ဒီတော့ လူ ၁၀၀မှာ ၂၀ လောက်လွတ်တယ်။ အဲ့ဒါ ၃-၄ နှစ်လောက်စု သွားမယ်ဆိုရင် ကာကွယ်ဆေးမထိုးရတဲ့သူတွေနဲ့ ကာကွယ်ဆေးမအောင်တဲ့သူတွေ များလာတာပေါ့။ ဒါကြောင့် ၃-၄ နှစ်တစ်ကြိမ် ဝက်သက်ရောဂါ ကပ်အသွင် (Outbreak) ဖြစ်ပွားတတ်တယ်။ ရန်ကုန်တိုင်းမှာကျတော့ လူအဝင်အထွက်တွေက များတယ် ဆိုတော့ စစ်ဘေးရှောင်တွေတဲ့ ကလေးတွေလည်းရှိတယ်။Migrant တွေလည်းရှိတယ်။ လက်လုပ်လက်စားတွေလည်း တက်လာကြတယ်ဆိုတဲ့ အခါကျတော့ ကာကွယ်ဆေးမထိုးတဲ့ကလေးတွေ များများလာတဲ့အခါမှာ ဝက်သက်က ဖြစ်တာပေါ့။ အများဆုံးတွေ့တဲ့အခါမှာ လှိုင်သာယာ၊ သာကေတ၊ တွံတေးပေါ့။ Voice : ဝက်သက်ရောဂါက ဘာကြောင့်ဖြစ်တာလဲ။ ဝက်သက်ရောဂါက အဖြစ်များပြီး ကူးစက်လွယ်တဲ့ရောဂါမျိုးလား။ Dr.KNL : ဝက်သက်ရောဂါဟာ ဗိုင်းရပ်စ်ပိုး တစ်မျိုးကြောင့် ဖြစ်ပြီး လေထဲကနေတဆင့်ကူးစက်တာကြောင့် အလွန်ကူးစက်လွယ်တဲ့ ရောဂါဖြစ်ပါတယ်။ ဝက်သက်ရောဂါလူနာရဲ့ နှာချေ၊ ချောင်းဆိုးတဲ့အခါမှာ လေထဲကို ရောဂါပိုးအမှုန်စက် လေးတွေ လွင့်ပါသွားးတယ်။ ရှူ မိတာနဲ့ ကူးနိုင်တယ်။ ဝက်သက်ရောဂါလူနာရဲ့ လည်ချောင်းနဲ့ နှာခေါင်း တွေက ထွက်လာတဲ့ အရည်တွေနဲ့တွေ့ထိရင် ဥပမာ နှာချေ၊ချောင်းဆိုးလို့ထိမိထားတဲ့ အဝတ်တွေသွားကိုင်မိရင်လည်းဖြစ်တယ်။ ဒီရောဂါက ကာကွယ်ဆေးမထိုးရတဲ့နေရာလဲဖြစ်မယ်၊ လူတွေလဲ နီးနီးကပ်ကပ်နေရတဲ့နေရာလဲ ဖြစ်မယ်ဆိုရင် တစ်ယောက်ဖြစ်လို့ရှိရင် အကုန်ဖြစ်သွားနိုင်တယ်။ ကူးစက်မှုကမြန်တယ်။ ကလေးဖြစ်ရင် လူကြီးလဲ ဖြစ်ဖို့များသွားပြီပေါ့။ Voice :ဘယ်လိုအသက်အရွယ်တွေမှာ ပိုပြီးဖြစ်နိုင်ပါသလဲ။ Dr.KNL : အသက်အရွယ်ကိုပြောရရင် အားလုံးမှာ ဖြစ်နိုင်တာပဲ။ အသက်အုပ်စုပိုင်းကတော့ ၂၀၁၆ ခုနှစ်မှာ ရန်ကုန်တိုင်းမှာ ၁၅-နှစ်အထက် အရွယ်တွေမှာ ၅၃ ရာခိုင်နှုန်းလောက်ဖြစ်တယ် ကျန်တာကတော့ ၁၅နှစ်အောက်တွေပေါ့။ Voice : အသက် ၁၅နှစ်အထက်မှာပိုဖြစ်ပြီးတော့ အသက် ၁၅နှစ်အောက်တွေပဲ ကာကွယ်ဆေးထိုးပေးရတဲ့အကြောင်းကရော။ Dr.KNL : အခုက ကလေးတွေကိုပဲ အဓိကထားထိုးပေးနိုင်ဦးမယ်။ ကလေးတွေဆိုရင် ခံစားရတာပိုပြီးပြင်းထန်မှာစိုးလို့ပါ။ ကလေးတွေက ရောဂါတစ်ခုဖြစ်ရင် ခံနိုင်ရည်နည်းတယ်။ အဟာရချို့တဲ့တဲ့ ကလေးတွေဆိုရင် သေဆုံးတဲ့အထိ ဖြစ်နိုင်တယ်။ လူကြီးက အကုန်လုံးမှာဖြစ်တာများတာမဟုတ်ဘူး။ ဝက်သက်ဖြစ်တဲ့ကလေးတွေနဲ့တွေ့မိတဲ့ သူတွေမှာဖြစ်တာပိုများတာ။ မနှစ်ကဆိုရင် ဒဂုံမြို့နယ် သားဖွားသင်တန်းကျောင်းက ကျောင်းသူတွေနဲ့ ကလေးတွေကို ပြုစုစောင့်ရှောက်ပေးတဲ့ဆရာဝန်တွေ ၊ သူနာပြုတွေ ဖြစ်တာ။ တဆင့်ကူးတာပေါ့။ အဲ့ဒီဆရာဝန်တွေနဲ့ဆရာမတွေကိုလည်း ကာကွယ်ဆေးထိုး ပေးဖို့အစီအစဉ်ရှိတယ်။ ၁၅-နှစ်အထက်က လူက အရေအတွက်လဲ များတယ်။ ရှိတဲ့လူကြီးတွေ အကုန်လိုက်ထိုးဖို့ ကျတော့လည်း အင်အားကမနိုင်ဘူး။ငွေအင်အား၊ လူအင်အား အကုန်လိုတာပေါ့။ ဒီအတွက် Risk Person ကူးစက်နိုင်ချေများတဲ့သူတွေကိုပဲ ထိုးပေးတာပေါ့။ Voice : ရောဂါလက္ခဏာတွေကရော။ Dr.KNL: ရောဂါလက္ခဏာတွေကတော့ ဝက်သက်ရောဂါလူနာနဲ့ ထိတွေ့မှုရှိပြီး (၁၀-၁၂)ရက်လောက် ကစပြီး ဖျားမယ်။ အဖျားကြီးတတ်တယ်။ အဖျား ရက်နည်းနည်းကြာတတ်တယ်။ ၇-ရက်လောက်ကြာတတ်တယ်။ နှာရည်ယိုမယ်၊ ချောင်းဆိုးမယ်၊ မျက်စိနီပြီး မျက်ရည်ထွက်မယ်၊ ပါးစပ်အတွင်းဘက်မှာ အဖြူရောင်အစက်လေးတွေပေါ်တတ်တယ်။ နောက်ရက်တွေမှာ မျက်နှာ ဂုတ်ပိုးပေါ်မှာ အနီစက် အနီပြင်တွေ ထွက်လာမယ်၊ နောက်(၃)ရက်လောက်ကြာရင် အဲ့ဒီအနီစက်တွေ ကိုယ် လက် နဲ့ ခြေထောက်တွေကို ရောက်သွားမယ်။ ၅-ရက် ၆-ရက်လောက်လာရင် အနီစက်တွေ ပျောက်သွားမယ်။ ဝက်သက်ရောဂါ စတင်ကူးစက်ခံရချိန်နဲ့ အနီကွက်တွေ စပေါ်ချိန်ထိ ပျမ်းမျှ ၁၄-ရက်လောက် ကြာတတ်တယ်။ Voice : နောက်ဆက်တွဲဆိုးဆိုးဝါးဝါး ဘာတွေဖြစ်နိုင်သေးလဲ။ Voice : ဝက်သက်ဗိုင်းရပ်စ်ပိုးက ခုခံအားကိုကျစေတယ်၊ ဒါ့ကြောင့် နောက်ဆက်တွဲအနေနဲ့ အဆုတ်ယောင်(နမိုးနီးယား)၊ ဝမ်းလျောဝမ်းပျက်၊ ဦးနှောက်ရောင် စတာတွေ ဖြစ်ပြီး ဆေးရုံကို အချိန်မီမရောက်ရင် အသက်ဆုံးရှုံးနိုင်တယ်။ ဟိုးအရင်က ဝက်သက်ဝမ်းနဲ့သေတာတွေ တော်တော်များများရှိတယ်။ အခုနောက်ပိုင်း ဝက်သက်ကြောင့် သေဆုံးတာတွေမှာ နမိုးနီးယားကြောင့်ဖြစ်တာပိုတွေ့ရတယ်။ အထူးသဖြင့် အာဟာရ ချို့တဲ့တဲ့ကလေးတွေ၊ ဗီတာမင်အေ ချို့တဲ့တဲ့ကလေးတွေ၊ လူတွေပြွတ်သိပ်နေရတဲ့ နေရာကကလေးတွေဆိုရင် ဝက်သက်ရောဂါက ပိုပြင်းထန်တတ်တယ်။ ဗီတာမင်အေချို့တဲ့ရင် မျက်စိကွယ်တဲ့အထိဖြစ်နိုင်တယ်။ ဒါ့ကြောင့် အခု ဝက်သက်ကာကွယ်ဆေးထိုးရင်းနဲ့ ၅-နှစ်အောက်ကလေးတွေကို ဗီတာမင်အေ ဆေးပါတိုက်မှာ ဖြစ်ပါတယ်။ Voice : လက်ရှိ ဝက်သက်ရောဂါကပ်အသွင်ဖြစ်နေတဲ့မြို့နယ်တွေမှာ ကာကွယ်ဆေးဘယ်လောက် ထိုးပေးမှာလဲ။ Dr.KNL : ကာကွယ်ဆေးက ကလေး ၃ သိန်းနီးပါးကို ထိုးပေးမှာပါ။ ကျူးကျော်တဲတွေမှာ အဝင်အထွက်က နေ့စဉ်နဲ့အမျှပြောင်းလဲနေတော့ တွေ့သမျှ ၉-လက ၁၅-နှစ် အတွင်းရှိသမျှ ကလေး ကို ထိုးမှာဖြစ်လို့ သည့်ထက်လဲ ပိုများသွားနိုင်ပါတယ်။ ဆေးကတော့ အလုံအလောက်ရှိပါတယ်။ ဝက်သက်ကာကွယ်ဆေးကို အရင်ကထိုးဘူးတာပဲဖြစ်ဖြစ်၊ မထိုးဘူးတာပဲဖြစ်ဖြစ်၊ နောက်ပြီး ဝက်သက်ပေါက်ဘူးတာပဲဖြစ်ဖြစ်၊ မပေါက်ဘူးတာပဲဖြစ်ဖြစ် အသက် ၉ -လကနေ ၁၅-နှစ်အတွင်း ရှိသမျှလူ အကုန်ထိုးရပါမယ်။ ဆေးရုံကဆင်းလာတဲ့အခါ ဝက်သက်ရောဂါ ဓာတ်ခွဲ ရှာဖွေစစ်ဆေးမှု အဖြေမှာ ဝက်သက်ရောဂါပါလို့ အတည်ပြုနိင်ခဲ့တဲ့ သူတွေကိုတော့ မထိုးပါဘူး။ Voice : ဒီရောဂါကို ဘယ်လိုကုရမလဲ။ ဘယ်လိုကာကွယ်ရမလဲ။ Dr.KNL : အရည်များများတိုက်ရမယ်။ အဟာရပြည့်ဝေအောင်ကျွေးရမယ်။ ဗီတာမင်အေတိုက်ရမယ်။ လိုအပ်ရင် ၂၄-နာရီခြားပြီး နှစ်ကြိမ်တိုက်ရမယ်။ ပိုးသတ်ဆေးတို့ ဓာတ်ဆားရည်တို့ကတော့ ဆရာဝန်ညွှန်ကြားတဲ့ အတိုင်းတိုက်ရမယ်။ ကာကွယ်မှုအပိုင်းမှာတော့ ဝက်သက်ကာကွယ်ဆေးကို အနည်းဆုံးနှစ်ကြိမ် ထိုး၇ပါမယ်။ တီဘီ၊ တုပ်ကွေး၊ ဆုံဆို့၊ ကြက်ညှာချောင်းဆိုး၊ ဝက်သက် ဘာရောဂါကြောင့်ပဲဖြစ်ဖြစ် နှာစေးချောင်းဆိုးတဲ့အခါမှာ ပါးစပ်နဲ့နှာခေါင်းကို လက်ကိုင်ပုဝါ၊ စက္ကူ။ အဝတ်နဲ့ပိတ်ပြီးဆိုးဘို့ ကလေးရော လူကြီးတွေကိုပါ ပညာပေးရမယ်။ ရောဂါဖြစ်နေစဉ်မှာ လူနာကို ကျောင်းမတက်ခိုင်းဖို့နဲ့ သူတို့ရဲ့ အဝတ်အစားတွေ၊ စောင်နဲ့ အသုံးအဆောင်တွေ အကုန်လုံးကိုလည်း သေချာလျှော်ပြီး နေပူလှန်းဖို့ စသဖြင်ပညာပေးရမယ်။ Voice : ဒီရောဂါနဲ့ပတ်သက်တဲ့ ကာကွယ်ဆေးထိုးလုပ်ငန်းကိုဘယ်တုန်းကစခဲ့တာလဲ။ Dr.KNL : မြန်မာနိုင်ငံမှာ ၁၉၈၇ - ခုနှစ်ကစပြီးထိုးနှံပေးခဲ့တယ်။ ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းတွေမှာ ဒီရောဂါကာကွယ်ဆေးကို ကလေးအသက် ၉-လနဲ့၁၈-လမှာထိုးရတယ်။ အနည်းဆုံး ၂- ကြိမ်ထိုးထားရရင် ရောဂါကို ခုခံနိုင်တယ်။ အဖြစ်များတဲ့နေရာတွေမှာ ၃/၄နှစ်ကို တစ်ခါလောက် အပိုဆောင်းပြီး ထိုးရတာပေါ့။ မြို့နယ်တစ်ခုမှာ ပုံမှန်ထိုးနေပြီး ဆေးမထိုးထားတဲ့ လူတွေလည်း အဝင်အထွက်မရှိဘူးဆိုရင် မဖြစ်ဘူး။ ရောဂါပိုးကပြန့်မနေတော့ဘူးပေါ့။ အဝင်အထွက်လည်း များတယ်ဆိုရင် ပိုးတွေကရောက်လာတော့ ဆေးထိုးမထားတဲ့လူတွေဆိုရင် ဖြစ်တယ်။ Voice : ဆရာမအနေနဲ့လူထုကို ဘာများဖြည့်စွက်ပြောချင်ပါလဲ။ Dr.KNL : အခုရန်ကုန်တိုင်းက (၄၄) မြို့နယ် အနက် မြို့နယ် (၄၀)မှာ ဖြစ်နေပေမဲ့ အဖြစ်များတဲ့မြို့နယ်နဲ့ ကူးစက်မှုများနိုင်မဲ့ မြို့နယ် (၅)မြို့နယ်ကိုဘဲ ဦးစားပေးပြီးထိုးတာဖြစ်လို့ ရခဲတဲ့အခွင့်အရေးကို မဆုံးရှုံးအောင်၊ ကာယကံရှင် ကလေးမိဘတွေတင်မကပဲ ရပ်ရွာအတွင်း မည်သူမဆို ဒီကာကွယ်ဆေးထိုးတာကို သိတဲ့သူမှန်သမျှက ကလေးတွေ ကာကွယ်ဆေးထိုးဖို့ စည်းရုံးလှုံဆော်ပညာပေးပြီး ဆေးထိုးတဲ့နေရာကို အရောက်ပို့ပေးဖို့က အင်မတန် အရေးကြီးပါတယ်။ ကလေးတွေကို ကာကွယ်ဆေးထိုးပေးမယ်ဆိုရင်တော့ ရောဂါပိုးတွေကို ဖြတ်တောက်နိုင်မှာပေါ့။ ကလေးတွေကာကွယ်ဆေးမထိုးဘူးဆိုရင် လူကြီးတွေကိုပါ ကူးစက်လာမှာ။ ဒါ့ကြောင့် ကိုယ့်အနီးနားပတ်ဝန်းကျင်မှာရှိတဲ့ ၉-လကနေ ၁၅-နှစ်ကလေးတွေ ကာကွယ်ဆေးမထိုးရသေးရင် ဒီရက်အတွင်း ထိုးကြပါပေါ့။ ဆေးထိုးပေးတဲ့စုရပ်တွေကတော့ ပြောင်းနေမှာပေါ့။ ဒီ ၅-မြို့နယ်မှာ ဆေးထိုးတဲ့ ရက်အတွင်း စုရပ်ပေါင်း ၆၆၄-နေရာ လှည့်လည်ထိုးပေးမှာ ဖြစ်လို့ ကိုယ့်ရပ်ကွက်ထဲမှာ လာထိုးပေးတာကို မသိလိုက်ရင် ကျန်းမာရေးဌာနမှာသာ သွားထိုးပါလို့ ပြောချင်ပါတယ်။ ကျန်းမာရေးဌာနတွေမှာတော့ ၆-ရက်ကနေ ၂၀-ရက်အတွင်းနေ့စဉ်ထိုးပေးမှာ ဖြစ်ပါတယ်။ Voice : အခုလိုဖြေကြားပေးတာကျေးဇူးတင်ပါတယ်။
ဝက်သက်ရောဂါ ကာကွယ်ဆေး content media
0
0
1
Admin
Mar 01, 2017
In နိုင်ငံရေး
ဖေ့ဘုတ်ကို အမှတ်တမဲ့ကြည့်ရင်း ဓါတ်ပုံတစ်ပုံကို တွေ့တယ်.. သမဂ္ဂမြက်ခင်းပြင်သည် ကျောင်းသားပိုင်ဖြစ်သည် ဆိုပဲ.. ဒါကိုမြင်တော့ ပြုံးမိတယ်.. သြော်..မောင်ကျောင်းသားတို့နှယ် အိပ်မက်မက်ကောင်းတုန်းပဲရှိပါသေးလား.. ဆိုင်းဘုတ်ထောင်ပြီး ဘယ်သူ့ကိုများစောင်းမြောင်း ကျုံးဝါးနေသလဲဆိုတာ မတွေးတတ်ဘူး.. တကယ်တော့ ကိုလိုနီခေတ်မှာ အင်္ဂလိပ်အစိုးရရဲ့ ပညာရေးကို သပိတ်မှောက်ခဲ့သည့်အချိန်မှ စပြီး ၈၈ အရေးအခင်းးအထိ ကျာင်းသားတွေရဲ့ ဂုဏ်သိက္ခာတစိုက်စိုက်မတ်မတ် မြင့်တက်ခဲ့ပြီးသားပါ.. တရားပွဲတွေ၊ သပိတ်ပွဲတွေ၊ ဆန္ဒဖော်ထုတ်ပွဲတွေမှာ ကျောင်းသားတွေရဲ့ ဦးဆောင်မှုဟာ သိပ်အရေးပါတယ်.. မိဘပြည်သူနဲ့ ရဟန်းရှင်လူတိုင်းက ကျောင်းသားဟေ့ဆိုရင် သမိုင်းကောင်းတဲ့ခွပ်ဒေါင်းမျိုးဆက်အဖြစ် နေရာပေးကြတယ်.. ကျောင်းသားတွေကိုယ်တိုင်ကလည်း တည်တည်ကြည်ကြည်ရှိတယ်.. ပညာတတ်ပီသတယ်.. လှုပ်ရှားမှုတွေစနစ်ကျတယ်.. သူတို့ချီတက်နေတဲ့လမ်းကြောင်းကို ပြတ်ပြတ်သားသားသိတယ်.. အချင်းချင်းလည်းစည်းလုံးညီညွှတ်တယ်.. ဒီလိုကျောင်းသားကြီးတွေကြောင့်ပဲ ကျောင်းသားတို့ရဲ့ ဂုဏ်သိက္ခာတက်ခဲ့ရတယ်.. အာဏာရှင်ယန္တရားကြီး ရဲ့ဒေါက်တိုင်တွေကို ဖြိချဖို့အထိ စွမ်းအားကြီးလာတဲ့အခါ အားလုံးသိတဲ့အတိုင်း ကျောင်းသားသမဂ္ဂ ဖျက်ဆီးခံလိုက်ရတယ်.. ဒီသမဂ္ဂအဆောက်အဦးအတွက် နှမြောတသဝမ်းနည်းရတာ ကျောင်းသားတွေချည်းပဲ မဟုတ်ပါဘူး.. အောင်ဆန်းကိုချစ်တဲ့၊ ကိုကြီးနုကိုလေးစားတဲ့၊ ဦးသန့်ကိုကြည်ညိုတဲ့ မြန်မာနိုင်ငံသားတွေအကုန်လုံးလည်း ပါပါတယ်.. ဒီသမဂ္ဂမြက်ခင်းပြင်ပေါ်မှာ ပြည်သူနဲ့ ကျောင်းသားတွေ တပြေးညီရပ်ခဲ့ကြတာပါပဲ..ဒီမြက်ခင်းပြင်ပေါ်မှာ ကြွေးကြော်သံတွေရေးဖို့ ကျောင်းသားလေးတွေကို မိဘတွေက ရင်ခွင်ထဲကလွှတ်လိုက်တာပါပဲ.. သမဂ္ဂအလံတော်တလူလူနေတဲ့ တကသအဆောက်အဦထဲက ကျောင်းသားခေါင်းဆောင်တွေရဲ့ အဆင့်အတန်းဟာ နိုင်ငံတော်ဝန်ကြီးချုပ်သာမက ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ပါအခြေအတင်ဆွေးနွေးနိုင်တဲ့အထိ အရည်အချင်းပြည့်ဝကြပါတယ်.. ဒီအဖြစ်တွေဟာ ကုန်လွန်ခဲ့ပါပြီ.. ပြန်တမ်းတပြီး အားကျနေရမယ့်အခြေအနေလည်း မဟုတ်တော့သလို ခေတ်နဲ့လည်းမညီတော့ပါဘူး.. ဒါပေမယ့် ရှေးနောင်တော်ကြီးများရဲ့ အနစ်နာခဲ့မှုတွေကို နှောင်းလူတို့ သိအောင် ရှေးဖြစ်ဟောင်းအောင့်မေ့ဖွယ်အဖြစ် တကသအဆောင်အဦကို မူလအတိုင်းမဟုတ်တောင် အထိမ်းအမှတ်တစ်ခုခု ဆောက်ထားရင်ကို လုံလောက်ပါပြီ.. တကသအဆောက်အဦကို မတူတူအောင်ပြန်ဆောက်ပြီး သစ်သားခုံမြင့်ပေါ်ကို ဒီခေတ်ကျောင်းသားတွေတက်ထိုင်ရုံနဲ့ ဟိုးးအရင်က ကျောင်းသားကြီးတွေရဲ့ ဂုဏ်သိက္ခာမျိုးပြန်ရဖို့ဆိုတာကတော့ မဖြစ်နိုင်တော့ဘူး.. အားကျပြီး လိုက်လုပ်ဖို့လည်း မသင့်တော့ပါဘူး.. ခေတ်ကပြောင်းခဲ့ပါပြီ..တော်လှန်စရာအာဏာရှင်ရယ်လို့လည်း မရှိတော့ပါဘူး.. ပြည်သူကရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရတစ်ရပ်လည်း ရနေပါပြီ.. တကသတံဆိပ်တုံးထုထားတဲ့ စာတွေ တစ်ရွက်ပြီးတစ်ရွက်ထုတ်ပြီး နိုင်ငံရေးထဲမှာ ဝင်ပါနေမှာကိုလည်း မမြင်ချင်ပါဘူး.. နိုင်ငံတိုးတက်ချင်ရင် ဒီအစိုးရကိုကူညီပေးရုံပါပဲ..ဒီလိုကူညီဖို့အတွက်ကလည်း ခွပ်ဒေါင်းအလံတွေ၊ နဖူးစည်းတွေ၊ တကသအဆောက်အဦတွေ မလိုပါဘူး.. ကျောင်းသားသမဂ္ဂဖွဲ့မယ်ဆိုရင်လည်း ဟိုးအရင်နယ်ချဲ့ခေတ်က ပေါ်လစီနဲ့သွားနေမယ့်အစား ကမ္ဘာအနှံ့ကကျောင်းသားထုတစ်ရပ်လုံးနဲ့ဆက်သွယ်နိုင်မယ့် ခေတ်မှီတိုးတက်တဲ့အဖွဲ့မျိုးထူထောင်ကြပါ.. အင်္ဂလိပ်စကားကို မွှတ်နေအောင်ပြောဖို့ လေ့ကျင့်ကြပါ.. တစ်ခုတော့ရှိတယ်.. ဟိုးအရင်ကျောင်းသားကြီးတွေလို ဒို့ကျောင်းသားသွေး၊ ရဲသဟေ့နော် ဆိုပြီး ဘာမထီရဲရဲတောက်လုပ်ချင်ရင်တော့ အာဏာရှင်စနစ်ကိုပြန်ခေါ်ပေးမှ ရမယ်ထင်ပါရဲ့.. ငါ့ညီတို့ မျက်နှာသစ်လိုက်တော့.. မိုးကလင်းလုပြီ.. (မဟာမိုင်း)
0
0
2
Admin
Mar 01, 2017
In အနုပညာ
အလင်းရောင်အောက်မှာ အပြာက အစိမ်းပြောင်းတာ အမှတ်တမဲ့ မဟုတ်ဘူး။ ဒါပေမဲ့ အမှောင်ထဲ အထားခံနေရတာလေ အပြာနဲ့အစိမ်း အတူတူ ပါပဲ။ ဒါနဲ့တော့ အိမ်ပျက်မခံတော့ဘူး။ အိပ် အိပ် ပျော်လုလု... ဆတ်ခနဲ ရုန်း ဆန့် ဝေဒနာ သတိထား ရုပ် ပြောင်းလဲ ဖောက်ပြန်နေတယ်။ ကံအကြွေး ပြန်ဆပ်နေတယ်။ ရေသောက် သေးပေါက် ပြန်အိပ် အိပ်... ချွေးထွက်လာပြီ အအေးမိမယ် ထ ထ အဝတ်လဲလိုက်။ အခန်းအပြင်ထွက် အနီရောင် ထက်အောက်ဆင်တူနဲ့ ဖြူဖြူကျော်သိန်း သူ့နောက်ကျော ဘယ်သူ ဓားထိုးသလဲ။ စစ်ပွဲတွေ ရပ်ပါတော့ ပြောသေးတယ်။ ဟော ချယ်လ်စီးက ၂ ဂိုး၊ အချိန်ပို ၄ မိနစ် ဆိုပဲ။ နိုးလာတော့လည်း ပြန်ထတာပေါ့ အချိန်တန်ရင် မိုးလင်းမှာလေ။ ၂ မတ်လ ၂၀၁၅၊ ၀၀ ၂၂ နာရီ
0
0
3
A
Admin

Admin

Admin
More actions